Care. Tech. Talent.
အခုဆိုရင် မြန်မာနိုင်ငံမှာလည်း လုပ်ငန်းတိုင်းက Digital Transformation ကို အလျင်အမြန် ကူးပြောင်းနေပါပြီ။ Myanmar Digital Transformation မှာ ကိုယ်တိုင် ပါဝင်ရင်း စီးပွားရေးလုပ်ငန်းတွေကို ကူညီပေးနိုင်မယ့် အခွင့်အရေးက မိတ်ဆွေအတွက် အသင့်ဖြစ်နေပါပြီရှင်။
Lynn Partner Program နဲ့အတူ Digital Business လောကထဲကို ဝင်ရောက်လို့ ရပါပြီရှင်။
အခုလို Online ခေတ်မှာ လုပ်ငန်းတိုင်းက Website၊ Business registration၊ Digital Marketing၊ AI စနစ်တွေ လိုအပ်နေတာ မိတ်ဆွေ အသိပါပဲ။
ဒါပေမဲ့ ဒီနည်းပညာတွေကို ဘယ်လို အသုံးပြုရမလဲဆိုတာ လမ်းပြပေးမယ့်သူ လိုအပ်နေတဲ့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ SMEs တွေ အများကြီး ရှိနေသေးတယ်လေ။
သူတို့အတွက် တကယ့်ဖြေရှင်းချက်တွေ ပေးနိုင်တဲ့ 'Digital Business Advisor' တွေက အလွန်လိုအပ်နေတဲ့ အချိန်ပါပဲ။
Lynn Partner Program ဆိုတာ
Digital Business လောကထဲကို ဝင်ရောက်ချင်သူတွေ၊
အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ SMEs လုပ်ငန်း တွေကို ကူညီချင်သူတွေ၊
ကိုယ်ပိုင် Service Business ချဲ့ချင်သူတွေ အတွက်
Lynn က Workshop Training တွေ၊ Digital နည်းပညာတွေနဲ့ Business Support System - စနစ်တွေကို အပြည့်အဝ ပံ့ပိုးပေးသွားမယ့် Program တခုဖြစ်ပါတယ်။
ကိုယ်ပိုင် Brand နဲ့ စတင်နိုင်သလို၊ Referral အနေနဲ့ပဲ စမလား၊ Digital Business Advisor Professional တစ်ယောက် အနေနဲ့ ရပ်တည်မလား... မိတ်ဆွေနဲ့ အကိုက်ညီဆုံး Partner ခရီးစဉ်ကို ရွေးချယ်ပြီးတာနဲ့ Lynn က တောက်လျှောက်ကူညီပေးသွားမှာပါရှင်။
Youth Digital Skills Program
လူငယ်များအတွက် အနာဂတ်မှာ ခိုင်မာတဲ့ AI နဲ့ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုတွေကို Lynn က စနစ်တကျ လက်တွဲသင်ကြားပေးနေပါတယ်ရှင်။
ဝင်ငွေကောင်းပြီး မြင့်မားတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ဝန်ဆောင်မှုလမ်းကြောင်းကောင်းတွေဆီ ရောက်သွားအောင်လည်း အားလုံးနဲ့အတူတူ ပျိုးထောင်ချိတ်ဆက်ပေးနေတာမို့ စိတ်ချလက်ချ အပ်နှံလိုက်ပါနော် (Youth Empowerment)။
စိတ်ဝင်စားစရာ AI နဲ့ Digital Marketing နည်းပညာသင်တန်းတွေကို အခုပဲ အတူတူ လျှောက်ထားလိုက်ရအောင်နော်။
Health, Fitness & Wellness Founders
Health, Beauty, Fitness & Wellness Industry ဖြစ်တဲ့ ကျန်းမာရေး၊ အလှအပ၊ Fitness နဲ့ Wellness လုပ်ငန်းရှင်မိတ်ဆွေတို့ရေ...လုပ်ငန်းထဲမှာပဲ ကိုယ်တိုင် အချိန်ပြည့် ပိတ်မိပြီး အလုပ်တွေက ကိုယ်မပါရင် မပြီးပဲ အချိန်တိုင်း အလုပ်အရမ်းများနေလို့ စိတ်ပင်ပန်းနေပြီလားရှင်?
စိတ်မပူနဲ့တော့နော်။ လုပ်ငန်းတွေကို စနစ်တကျ လည်ပတ်ပြီး အကျိုးအမြတ်တွေ အများကြီး ရရှိစေမယ့် "Tech-Enabled CEO" (နည်းပညာသုံး စီးပွားရေးလုပ်ငန်းရှင်) တစ်ယောက်အဖြစ် မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ဖို့ Lynn က လက်တွေ့ကျကျ သေချာလေး ကူညီပေးသွားမှာပါရှင်။
Lynn နဲ့အတူ Free Business System Audit အရင်လုပ်ကြည့်ရအောင်နော်။
လူငယ်များအတွက် အနာဂတ်တွင် ဝင်ငွေကောင်းပြီး မြင့်မားသော အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝန်ဆောင်မှုလမ်းကြောင်းကောင်းများဆီ ရောက်သွားစေရန် လက်တွေ့အလုပ်ဖြစ်ပြီး Professional တယောက်အနေနဲ့ ရပ်တည်နိုင်မည့် Workshop Training များ ကို သင်ကြားပေးခြင်း။
Digital Business Advisor Workshop Training
Business Support Officer Workshop Training
AI Digital Marketing Workshop Training
Social Media Marketing Workshop Training (Facebook, TikTok, Instagram & YouTube, Viber, Telegram)
Content Writing Workshop Training
Graphic Design Workshop Training
Smart Phone Video Production Workshop Training
Web Development Workshop Training
Chatbot Setup Workshop Training
Company License Registration Service Workshop Training
Online Sales License Registration Service Workshop Training
SME License Registration Service Workshop Training
TIN (Tax Identification Number) Registration Service Workshop Training
EIR (Export Import Registration) Service Workshop Training
Internship Placement Network: သင်တန်းဆင်း လူငယ်များကို Lynn တို၏ Health, Beauty, Fitness & Wellness လုပ်ငန်းရှင်များ ကွန်ရက်ထဲရှိ အရည်အသွေးမြင့် လုပ်ငန်းခွင်များတွင် အလုပ်အကိုင်ရရှိအောင် လက်တွဲချိတ်ဆက်ပေးခြင်း။
Lynn | စနစ်တကျ ပြောင်းလဲမြှင့်တင်ပေးမယ့် ဝန်ဆောင်မှုများနှင့် Target Industries များ
Health, Beauty, Fitness & Wellness Industry ထဲက ကျန်းမာရေး၊ အလှအပ နဲ့ Wellness လုပ်ငန်းရှင်အားလုံးအတွက်
လုပ်ငန်းများရှိ ဝန်ထမ်းများ၏ လုပ်ကိုင်နိုင်စွမ်းအားကို အဆမတန် မြှင့်တင်ပေးမည့် AI Digital Marketing Team System တည်ဆောက်ရေး Training Workshop နှင့် Advisory Services - အကြံပေး ဝန်ဆောင်မှုများ
လုပ်ငန်းရှင်မိတ်ဆွေတို့၏ လုပ်ငန်းကို ရေရှည်တိုးချဲ့နိုင်ရန်အတွက် ဒစ်ဂျစ်တယ် စီးပွားရေးဗျူဟာ (Strategic Business & Digital Transformation Plan) တည်ဆောက်ရေး Training Workshop နှင့် Advisory Services - အကြံပေး ဝန်ဆောင်မှုများ
Health, Beauty, Fitness & Wellness Industry တွင် လုပ်ငန်းအသစ်စတင်ရန် ပြင်ဆင်နေသည့် လုပ်ငန်းရှင်များအတွက် အမှားအယွင်းမရှိဘဲ လျင်မြန်စွာ စတင်နိုင်ရန် Health, Beauty, Fitness & Wellness Founder - Training Workshop နှင့် Advisory Services - အကြံပေး ဝန်ဆောင်မှုများ
Lynn တို့ စနစ်တကျ ပြောင်းလဲမြှင့်တင်ပေးနေတဲ့ (Target Industries) လုပ်ငန်းအမျိုးအစားလေးတွေပါရှင့်
Clinics / Dental Clinics / Aesthetic Clinics (ဆေးခန်း၊ သွားဆေးခန်းနဲ့ အသားအရေထိန်းသိမ်းရေး အလှအပဆေးခန်းလေးတွေ)
Traditional Clinics (မြန်မာ့ရိုးရာ တိုင်းရင်းဆေးကုသရေး လုပ်ငန်းလေးတွေ)
Veterinary Clinics (ချစ်စရာ အိမ်မွေးတိရစ္ဆာန်လေးတွေကို စောင့်ရှောက်ကုသပေးတဲ့ ဆေးခန်းလေးတွေ)
Cosmetics, Skincare, & Beauty Businesses (အရေပြား၊ အလှကုန်နဲ့ အလှအပဆိုင်ရာ လုပ်ငန်းတွေ)
Online, Telemedicine, & Telehealth Clinics (ဒစ်ဂျစ်တယ်စနစ်သုံး အွန်လိုင်းဆေးခန်းနဲ့ Telehealth စနစ်သုံး ဆေးခန်းအသစ်လေးတွေ)
Medical Tourism Services (ပြည်တွင်း/ပြည်ပ ကျန်းမာရေးနဲ့ ဆေးကုသမှုဆိုင်ရာ ခရီးသွားဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ)
Health Spa & Fitness Services (ကျန်းမာရေးအတွက် Spa ဝန်ဆောင်မှုတွေနဲ့ Weight Management / Fitness စင်တာတွေ)
Medical Training Academies (သူနာပြုအကူသင်တန်းကျောင်းတွေနဲ့ ဆေးဝါးကျွမ်းကျင်အကူ သင်တန်းပေးတဲ့ လုပ်ငန်းတွေ)
Home Care & Caregiver Services (အိမ်တိုင်ရာရောက် သူနာပြုအကူ၊ လူနာနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်မှု Caregiver ဝန်ဆောင်မှုလုပ်ငန်းတွေ)
Mental Health & Counselling Services (စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးတဲ့ Counselling ဝန်ဆောင်မှုလုပ်ငန်းတွေ)
Health-Tech / Edu-Tech Platforms (ကျန်းမာရေး နည်းပညာနဲ့ ဒစ်ဂျစ်တယ်စနစ်သုံး ပညာရေးဝန်ဆောင်မှု Platform အသစ်တွေ)
Lynn Professional in Health, Beauty, Fitness & Wellness Industry
အားလုံးပဲ မင်္ဂလာပါရှင်။ Lynn ပါ။ Lynn ဟာ ဆေးဝါးပညာရှင် - Pharmacist (B.Pharm) တစ်ယောက်အဖြစ်ကနေ MBA တက်ရောက်ပြီးနောက် ကျန်းမာရေးနဲ့ နည်းပညာကဏ္ဍမှာ ၈ နှစ်ကျော် လက်တွေ့ဖြတ်သန်းလာသူတစ်ဦး ဖြစ်ပါတယ်ရှင်။
Education Services ၊ Watch & Watch Accessories ၊ Beauty & Cosmetics ၊ Jewelry Mall ၊ Phone Accessories ၊ Medical Device & Equipment ၊ Hospital ၊ Pharmaceutical ၊ Food & Beverages၊ Weight Management Products & Services လုပ်ငန်းတွေမှာ လက်တွေ့လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများစွာရှိပြီး
Tele Pharmacy၊ Primary Care Clinic၊ Insurance Services၊ Relationship Managerment Services နဲ့ နည်းပညာပိုင်းအတွက် Digital Solution Services စတဲ့ လုပ်ငန်းတွေကို အစကနေ စနစ်တကျ ကိုယ်တိုင်ဦးဆောင် တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်နော်။
ဒီလို လက်တွေ့ဖြတ်သန်းလာတဲ့ လုပ်ငန်းခွင် ခရီးစဉ်တစ်လျှောက်မှာ Health, Beauty, Fitness & Wellness လုပ်ငန်းရှင်အများစု ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အနီးကပ် မြင်တွေ့ခဲ့ရပါတယ်။
လုပ်ငန်းထဲမှာ စနစ် (SOP) မရှိလို့ ဘယ်အလုပ်မဆို ကိုယ်မပါရင် မပြီးပဲ အချိန်ပြည့် ကိုယ်တိုင် လုပ်နေရတာ
လုပ်ငန်းလည်ပတ်စရိတ်တွေ အဆမတန် ကြီးမြင့်လာတာ
ဝန်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်းအားကို မြှင့်တင်ပေးမယ့် "AI Digital Marketing Team System" တွေ မရှိတာ.
လုပ်ငန်းတိုးချဲ့ဖို့အတွက် ဒစ်ဂျစ်တယ်စနစ် (Business & Digital Transformation Plan) မရှိတာ
လုပ်ငန်းကို စနစ်တကျ ကူညီလည်ပတ်ပေးမယ့် ကျွမ်းကျင်ဝန်ထမ်း ရှာရခက်ခဲတာ
ဒီအခက်အခဲတွေကို နည်းပညာနဲ့ စနစ်တကျ ကူညီဖြေရှင်းပေးဖို့အတွက်ပဲ "Lynn - Medical Business Advisor" ကို စိတ်အားထက်သန်စွာနဲ့ တည်ထောင်ဖြစ်ခဲ့တာပါရှင်။
Lynn တို့ရဲ့ ရည်မှန်းချက် (Mission) က တကယ်ကို ရှင်းရှင်းလေးပါ။
၁။ လုပ်ငန်းရှင်တွေ ကိုယ်တိုင် အချိန်ပြည့် ရှိမနေရင်တောင် အလိုအလျောက် စနစ်တကျ လည်ပတ်နေပြီး အကျိုးအမြတ်တွေ အများကြီး ရရှိစေမယ့် "Tech-Enabled CEO" တွေဖြစ်လာဖို့ လက်တွေ့ကျကျ ကူညီပေးမယ်။
၂။ တစ်ချိန်တည်းမှာပဲ မြန်မာလူငယ်လေးတွေကို အနာဂတ်အတွက် တကယ့်လက်တွေ့ အလုပ်ဖြစ်မယ့် Digital Skills တွေကို စနစ်တကျ သင်ကြားပျိုးထောင်ပေးပြီး ဝင်ငွေကောင်းတဲ့ လုပ်ငန်းခွင်တွေဆီ လက်တွဲချိတ်ဆက်ပေးမယ် (Youth Empowerment)။
လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းကိုလည်း စနစ်တကျ မြှင့်တင်ပေးမယ်၊ လူငယ်တွေရဲ့ အနာဂတ်ကိုလည်း ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပျိုးထောင်ပေးမယ်ဆိုတဲ့ "Care. Tech. Talent." မျှော်မှန်းချက်နဲ့ Lynn တို့ အကောင်းဆုံး ရှေ့ဆက်သွားမှာပါရှင်။
မိမိရဲ့ Health, Beauty, Fitness & Wellness လုပ်ငန်းကို စနစ်တကျ တိုးတက်ဖို့ အခမဲ့ Business System Audit လုပ်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်
Youth Digital Skills Program Training Workshop တွေအကြောင်း အသေးစိတ် စုံစမ်းချင်ရင်ပဲဖြစ်ဖြစ်
Lynn ရဲ့ Viber ဒါမှမဟုတ် Telegram ကနေတစ်ဆင့် အခုပဲ တိုက်ရိုက် လာရောက်ဆွေးနွေးစကားပြောလို့ ရပါတယ်နော်။
အမြဲတမ်း ကြိုဆိုနေပါတယ်ရှင်။
ဆေးဝါးပညာရှင် (Pharmacist) ကနေ... နည်းပညာနဲ့ ကျန်းမာရေးကဏ္ဍကို ပြောင်းလဲမြှင့်တင်ပေးမယ့် Tech-Enabled Founder တစ်ယောက်ဖြစ်လာတဲ့အထိ
"၈ နှစ်ကျော် ဖြတ်သန်းခဲ့တဲ့ ဒီခရီးစဉ်က Lynn ကို အနာဂတ်အတွက် တကယ့်အဖြေတစ်ခု ပေးခဲ့ပါတယ်"
Health, Beauty, Fitness & Wellness Industry ဖြစ်တဲ့ ကျန်းမာရေး၊ အလှအပ၊ Fitness နဲ့ Wellness လုပ်ငန်းတွေမှာ စနစ်တကျနဲ့ အချိန်ကုန် သက်သာစေမယ့် နည်းပညာတွေ သုံးလို့မရနိုင်ဘူးလား?
ဒီမေးခွန်းရဲ့ အဖြေကို ရှာဖို့အတွက်ပဲ Lynn က MBA ကို ဆက်တက်ခဲ့ပြီး ရရှိလာတဲ့ စီးပွားရေးအမြင်တွေ၊ နည်းပညာဗဟုသုတတွေနဲ့အတူ လက်တွေ့လုပ်ငန်းတွေကို တစ်ခုပြီးတစ်ခု တည်ထောင်ခဲ့တာ ဖြစ်ပါတယ်နော်။
Lynn မျှော်မှန်းတဲ့ Future Health, Fitness & Wellness Industry
Lynn ယုံကြည်ထားတဲ့ Health, Beauty, Fitness & Wellness Industry က လုပ်ငန်းရှင်တွေဟာ ကိုယ်တိုင် အချိန်ပြည့် အလုပ်ထဲမှာ ပိတ်မိနေပြီး ကိုယ်မပါရင် ဘယ်အလုပ်မှ မပြီးတဲ့ နေရာကနေ အတိုင်းအတာတစ်ခုထိ လွတ်မြောက်ရပါမယ်။
လုပ်ငန်းလည်ပတ်မှု SOP တွေက အလိုအလျောက် စနစ်တကျ လည်ပတ်နေပြီး အကျိုးအမြတ်တွေ အများကြီး သယ်ဆောင်ပေးလာမယ့် "Tech-Enabled CEO (နည်းပညာသုံး စီးပွားရေးလုပ်ငန်းရှင်)" တွေ ဖြစ်လာရပါမယ်ရှင်။
တစ်ချိန်တည်းမှာပဲ ဒစ်ဂျစ်တယ်နည်းပညာတွေကို မြန်မာလူငယ်လေးတွေဆီ စနစ်တကျ ပျိုးထောင်ပေးပြီး၊ ဝင်ငွေကောင်းတဲ့ လုပ်ငန်းခွင်တွေ၊ ဝန်ဆောင်မှု လမ်းကြောင်းကောင်းတွေဆီ လက်တွဲခေါ်ဆောင်သွားပေးမယ်ဆိုတဲ့ "Care. Tech. Talent." မျှော်မှန်းချက်အတိုင်း Lynn တို့ အကောင်းဆုံး ရှေ့ဆက်သွားမှာပါနော်။
မိမိရဲ့ Health, Beauty, Fitness & Wellness လုပ်ငန်းကို နည်းပညာနဲ့ စနစ်တကျ အလိုအလျောက်လည်ပတ်အောင် ပြောင်းလဲပြီး အကျိုးအမြတ်တွေ မြှင့်တင်ချင်တယ်ဆိုရင် Lynn နဲ့အတူ Free Business System Audit လုပ်ပြီး အတူတူ တိုင်ပင်ဆွေးနွေးဖို့အတွက် Viber ဒါမှမဟုတ် Telegram ကနေတစ်ဆင့် အခုပဲ ဆက်သွယ်စကားပြောလို့ ရပါတယ်ရှင်။ အမြဲတမ်း နွေးထွေးစွာ ကြိုဆိုနေပါတယ်နော်။