Care. Tech. Talent.
အခုဆိုရင် လုပ်ငန်းတိုင်းက Digital Transformation ကို အလျင်အမြန် ကူးပြောင်းနေပါပြီ။ Myanmar Digital Transformation မှာ ကိုယ်တိုင် ပါဝင်ရင်း စီးပွားရေးလုပ်ငန်းတွေကို ကူညီပေးနိုင်မယ့် အခွင့်အရေးက မိတ်ဆွေအတွက် အသင့်ဖြစ်နေပါပြီရှင်။
Lynn ရဲ့ Partner Program နဲ့အတူ Digital Business Industry ထဲကို ဝင်ရောက်လို့ ရပါပြီရှင်။
အခုလို Online ခေတ်မှာ လုပ်ငန်းတိုင်းက Website၊ Business registration၊ Digital Marketing၊ AI စနစ်တွေ လိုအပ်နေတာ မိတ်ဆွေ အသိပါပဲ။
ဒါပေမဲ့ ဒီနည်းပညာတွေကို ဘယ်လို အသုံးပြုရမလဲဆိုတာ လမ်းပြပေးမယ့်သူ လိုအပ်နေတဲ့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ SMEs တွေ အများကြီး ရှိနေသေးတယ်လေ။
သူတို့အတွက် တကယ့်ဖြေရှင်းချက်တွေ ပေးနိုင်တဲ့ 'Digital Business Advisor' တွေက အလွန်လိုအပ်နေတဲ့ အချိန်ပါပဲ။
Partner Program ဆိုတာ
Digital Business လောကထဲကို ဝင်ရောက်ချင်သူတွေ၊
အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ SMEs လုပ်ငန်း တွေကို ကူညီချင်သူတွေ၊
ကိုယ်ပိုင် Service Business ချဲ့ချင်သူတွေ အတွက်
Lynn က Workshop Training တွေ၊ Digital နည်းပညာတွေနဲ့ Business Support System - စနစ်တွေကို အပြည့်အဝ ပံ့ပိုးပေးသွားမယ့် Program တခုဖြစ်ပါတယ်။
ကိုယ်ပိုင် Brand နဲ့ စတင်နိုင်သလို၊ Referral အနေနဲ့ပဲ စမလား၊ Digital Business Advisor Professional တစ်ယောက် အနေနဲ့ ရပ်တည်မလား... မိတ်ဆွေနဲ့ အကိုက်ညီဆုံး Partner ခရီးစဉ်ကို ရွေးချယ်ပြီးတာနဲ့ Lynn က တောက်လျှောက်ကူညီပေးသွားမှာပါရှင်။
ရည်ရွယ်ချက် - ကိုယ့်ရဲ့ Network ကနေတစ်ဆင့် သင်ယူရင်း ဝင်ငွေစတင်ရှာဖွေခြင်း။
လုပ်ဆောင်ရမယ့်အချက် - Digital Solution လိုအပ်နေတဲ့ သူတွေကို Digital Solution Services ပေးသူနဲ့ ချိတ်ဆက်ပေးရုံပါပဲ။
ဘယ်သူတွေနဲ့ ကိုက်ညီလဲ - ကျောင်းသားများ၊ ဝန်ထမ်းများ၊ Community & Networking တည်ဆောက်သူများ။
ရည်ရွယ်ချက် - Digital Business Advisor Professional အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခြင်း။
လုပ်ဆောင်ရမယ့်အချက် - လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်ကို နားထောင်ပေးမယ်၊ မှန်ကန်တဲ့ Digital Solution ကို အကြံပြုပေးမယ်။
ဘယ်သူတွေနဲ့ ကိုက်ညီလဲ - Sales & Marketing Professional များ၊ Freelancers များ၊ လုပ်ငန်းရှင်များ။
ရည်ရွယ်ချက် - ကိုယ့် ကိုယ်ပိုင် Brand နာမည်နဲ့ Digital Services တွေကို ဝန်ဆောင်မှုပေးခြင်း။
လုပ်ဆောင်ရမယ့်အချက် - Lynn ရဲ့ နည်းပညာအကူအညီနဲ့ ကိုယ်တိုင် ဝန်ဆောင်မှု ပေးခြင်း။
ဘယ်သူတွေနဲ့ ကိုက်ညီလဲ - Agency - အေဂျင်စီများ၊ Consulting ကုမ္ပဏီများ၊ ဝန်ဆောင်မှုလုပ်ငန်းများ။
Training & Resources: ဘာတွေ ရှောင်ရမလဲ ဆိုတာနဲ့၊ ဘာတွေလုပ်ရမလဲဆိုတာကို စာတွေ့ အတွေ့အကြုံနဲ့ရော၊ လက်တွေ့ အတွေ့အကြုံနဲ့ပါ အစအဆုံး သင်ပေးတဲ့အတွက် အချိန်တိုအတွင်း မိတ်ဆွေလိုချင်တဲ့ ပန်းတိုင်ကို အမြန် ရောက်အောင်သွားနိုင်ပါမယ်ရှင်
Business Solution:လုပ်ငန်းလုပ်တဲ့အခါမှာလဲ လက်တွေ့အသုံးဝင်တဲ့ Business System တွေကို အသုံးပြုခွင့် ရပါမယ်ရှင့်။
Business Support:အလုပ်လုပ်နေရင်း အခက်အခဲ တခုခုရှိရင်လဲ Lynn က ချက်ချင်း အကူအညီ ပေးသွားမှာ ဖြစ်လို့ နောက်ခံ Background ခိုင်ခိုင်နဲ့ လုပ်ရမယ့် အလုပ်တွေကို ယုံကြည်ချက်အပြည့်အဝနဲ့ လုပ်ကိုင်သွားနိုင်ပါမယ်ရှင့်။
ဒီနေ့ပဲ အခွင့်အရေးကို စတင်လိုက်ပါ
Lynn ရဲ့ Partner Program ကနေ မြန်မာ့စီးပွားရေးလုပ်ငန်းတွေရဲ့ Digital Transformation အခန်းကဏ္ဌမှာ ပါဝင်ဖို့ စိတ်ဝင်စားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်နေပါတယ်ရှင်။
လူတိုင်းက စတင်တဲ့နေရာ မတူကြပါဘူး။ ကိုယ်ပိုင် Brand နဲ့ စတင်နိုင်သလို၊ Referral အနေနဲ့ပဲ စမလား၊ Digital Business Advisor Professional တစ်ယောက် အနေနဲ့ ရပ်တည်မလား?
မိတ်ဆွေရဲ့ ရည်မှန်းချက်နဲ့ လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် လမ်းကြောင်းကို ရွေးချယ်ပြီး အခုပဲ Form ဖြည့်ထားလိုက်တော့နော်။